Cloud တွင် ထားရှိသော IP PBX စနစ်

အဝေးမှာထားရှိတဲ့ Hosted IP PBX ဝန်ဆောင်မှုများမှာ မြေပြင်အခြေစိုက် IP PBX စနစ်များနဲ့ အလွန်ဆင်တူပါတယ်။ ဒါပေမယ့် သင့်ရုံးခန်းမှာ မဟုတ်ဘဲ ဒေတာစင်တာမှာ ဒါတွေကို အဝေးမှာထားတာ (Hosted) ဖြစ်ပါတယ်။ ဒီစနစ်တွေကို Cloud IP PBX အဖြစ် တစ်ခါတစ်ရံမှာ ဈေးကွက်တင်ပါတယ်။ အဝေးမှာထားရှိတဲ့ IP PBX ဝန်ဆောင်မှုတွေကို အလွန် ခိုင်မာတဲ့ ပတ်ဝန်းကျင်ဖြစ်တဲ့ Cloud ပေါ်မှာ လုပ်ငန်းဆောင်ရွက်ပါတယ်။ ဒါက အဓိက အားသာချက် ဖြစ်ပါတယ်။ ဒါ့အပြင် သင့်ကုမ္ပဏီက ရုံးတည်နေရာများစွာ ရှိတယ်ဆိုရင် ပိုလို့တောင် အဆင်ပြေပါတယ်။ အဝေးမှာထားရှိတဲ့ IP PBX ဝန်ဆောင်မှုတွေကြောင့် တည်နေရာများစွာအကြား အခမဲ့ ဖုန်းခေါ်ဆိုလို့ ရပါတယ် (ဘာကြောင့်လဲဆိုတော့ ဖုန်းခေါ်ဆိုမှု အားလုံးကို တစ်ခုတည်းသော Cloud IP PBX ပေါ်ကနေ ဆက်သွယ်ပါတယ်)။ ဒါကြောင့် သင့်အတွက် ထပ်ဆောင်း ကုန်ကျစရိတ် သက်သာသွားပါတယ်။ သင့်ရုံးတစ်ခုမှာ အင်တာနက် ချိတ်ဆက်မှု ပြဿနာ ရှိတယ်ဆိုရင် အခြားနေရာက ရုံးခွဲတစ်ခုကို သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။

IP PBX သီးသန့်စနစ်ကို အသုံးပြုဖို့အတွက် ပြည်တွင်း DID ဖုန်းနံပါတ်တွေနဲ့ VoIP ကို ပိတ်မထားဘဲ စိတ်ချရတဲ့ အင်တာနက် ချိတ်ဆက်မှုတွေကို လိုအပ်ပါတယ်။ လက်ရှိမှာ မြန်မာ DID ဖုန်းနံပါတ်တွေ မရရှိသေးတာကြောင့် IP PBX သီးသန့်စနစ် အသုံးပြုဖို့ အကန့်အသတ်တွေ အများကြီးရှိနေပါတယ်။

အားသာချက်များ

အားနည်းချက်များ